25 C
Yangon

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် မြင့်အောင် ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် မြင့်အောင် ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် မြင့်အောင်ကို တော်လှန်ရေး ရဲဘော်များက ၎င်းနေအိမ်၌ပင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မြင့်အောင်သည် ကျေးရွာနေ ပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး စိတ်ဒုက္ခအမျိုးမျိုးပေးခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သတင်းကို စစ်တပ်ထံ ပေးပို့ခြင်း၊တော်လှန်ရေး တပ်ဖွဲ့ဝင် မိသားစုများကို ရွာထဲတွင် နေထိုင်၍ မရအောင် လုပ်ဆောင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းကွင်းများကို ပြသခြင်း၊ အကြမ်းဖက် စစ်တပ်၏ လမ်းပြအဖြစ် လုပ်ဆောင်ပေးနေသူလည်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အဆိုပါ ရှင်းလင်းမှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၁)နှင့်(ဆောင်းခိုငှက်)ပေါက်ခေါင်း ပကဖ တို့မှအတူပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် အကြမ်းစစ်ကောင်စီကို သတင်းပေးခြင်း၊လမ်းပြခြင်းများမလုပ်ကြပါရန် သတိပေးကြောင်း၊ သတိပေးထားသည်ကြားမှ လုပ်ဆောင်လာပါက မြင့်အောင်ကဲ့သို့ ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု အသိပေးကြောင်းလည်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article