25 C
Yangon

ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက် မူလတန်းကျောင်းထဲ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၃ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက် မူလတန်းကျောင်းထဲ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၃ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ မူလတန်း ကျောင်းဝန်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိခဲ့သော ကလေးငယ်များကို လူနာတင်ကား ၇ စီးဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် ထားဝယ်တပ်နယ်ဆေးရုံတို့ကို ပို့ဆောင်ထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ လက်နက်ကြီး ပစ်တာလည်း မရှိဘူး။ ပေါက်ကွဲမှု ဖြစ်တာလို့ပဲပြောတယ်။ ကျောင်းက ထားဝယ်မြို့ထဲမှာပါ။ အိမ်ရှေ့ပြင်ဂိတ်နဲ့ ကျောင်းနဲ့က နီးတယ်။ အိမ်ရှေ့ပြင်ဂိတ်က မကြာခဏ ပစ်ခံရတယ်၊ အဲဒါကြောင့် ခွေးတွေ ကင်းပုန်းက တစ်ချိန်လုံးရှိ တယ်။ PDF တွေ လာဖို့ဆိုတာ မလွယ်ဘူး။ စစ်ခွေးတွေ အင်အား အလုံးအရင်းနဲ့ ရှိတဲ့နေရာပါ။ အခုဖြစ် တာက အဲဒီ အမက အိမ်ရှေ့ပြင် ကျောင်းထဲမှာဖြစ်တာ ကလေး ၃ ဦးသေတာ အတည်ပြုလို့ရတယ်။ ကလေးတွေ တော်တော်များများ ထိခိုက်ဒဏ်ရာရရှိကြပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို ရန်ကုန်ခေတ်သစ် မီဒီယာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo – ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်တပ် ဂိတ်စခန်း

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်တပ် ဂိတ်စခန်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article