25 C
Yangon

မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းထဲသို့ ဒရုန်း ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်ကစတင်၍ မတ္တရာမြို့နယ်၊ နန်းတော်ကွန်းရွာ ဘုန်းကြီး ကျောင်းထဲ၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲသော စစ်တပ်စခန်းထဲသို့ Fixed Wings Drone များဖြင့် ဗုံးသီး ၄ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားမျး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ခွေးသေထိခိုက် နောက်ဆက်တွဲသတင်းတော့ မကြားရသေးဘူး။ ၈၁ မမ နဲ့တော့ တစ်ညလုံးထုနေ တာ။ ကျနော်တို့ အလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ လာရောက် ထောက်ပံ့ပေးပါ၊ ကျနော်တို့ အလုပ်နဲ့ သက်သေပြပေးပါ မယ်” ဟု ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ မတ္တရာမြို့နယ် (ပကဖ)နှင့် နယ်မြေခံပကဖ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး အကြမ်းဖက်စစ်တပ်၏ Jammer ကြောင့် ဒရုန်းတစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article