25 C
Yangon

မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစု အခေါက်ရွှေနှင့် ဖြတ်စ မရောင်းဟု စာကပ်ထားကြ

Must read

ပြင်ပစျေးကွက်တွင် ရွှေစျေးနှင့်ဒေါ်လာစျေး ပြန်တက်လာ

ရန်ကုန်၊ ဇွန် ၄

ပြည်တွင်း မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေအရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့်ဖြတ်စများ မရောင်းဆိုသော စာသားများ ကပ်ထားကြကြောင်း ရန်ကုန်နှင့် မန္တလေး ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ရွှေကုန်သည်များကို ဖမ်း၀ရမ်းထုတ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများကြောင့် ပြည်တွင်းရွှေစျေးကွက်တွင် အဝယ်အရောင်းများ ရပ်ဆိုင်းခဲ့ကြောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းနီးပါးဖြင့်အရောင်းအဝယ်လုပ်ရန် ကြေညာခဲ့ရာ အရောင်း အဝယ်မှာ လုံး၀ ပျောက်သွားကြောင်း သိရှိရသည်။

“အပြင်စျေးကွက်မှာ ပေါက်စျေးက ၅၃ သိန်းနဲ့ ၅၄ သိန်းလောက်ပေါက်နေတာကို ရန်ကုန်ရွှေအသင်းက ၄၈ သိန်း ၇​ သောင်းနဲ့ရောင်းရမယ်ဆိုပြီး ထလုပ်တယ်။ အဲဒီမှာ ဘယ်သူမှလည်း မရောင်းနိုင်၊ ဝယ်မရတွေဖြစ်ပြီး စျေးကွက်တွေ ပျက်ကုန်တယ်။ ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက် အကုန်ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ အားလုံး အဝယ်အရောင်းရပ်တယ်။ စျေးတန်းပဲရှိတယ်။ ပြင်ပစျေးကွက်တွင် ဒေါ်လာတန်ဖိုးလည်း ပြန်တက်လာတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းမှုများအရ ပြင်ပ ဒေါ်လာစျေးကွက်တွင် အဝယ်အရောင်းမရှိသော်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ဝန်းကျင်သို့ ပြန်လည် မြင့်တက်လာကြောင်း၊ ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၄ သိန်းဝန်းကျင် စျေးတန်းရှိနေကြောင်း သိရှိရသည်။

“ဒီလိုကြီး ရေရှည်သွားရင်တော့ ကျပ်ငွေတွေက ပိုပြီး တန်ဖိုးကျစရာရှိတယ်။ ရွှေဝယ်မရ၊ ဒေါ်လာဝယ်မရနဲ့။ တစ်ဖက်မှာလည်း စစ်တပ်က ရွှေလည်းမရောင်းပေး၊ ဒေါ်လာလည်းရောင်းမပေး၊​ စျေးကွက်ကလည်းမဖြစ်ဆိုတော့ လူတွေ အတွက် ထွက်ပေါက်မဲ့တာပေါ့။ အိမ်ခြံမြေနဲ့ကားဘက်ကလည်း စျေးတွေ အမြင့်ဆုံးရှိနေတော့ အဲဒီဘက်လည်း သာမန်လူက မလှည့်နိုင်ဘူး။ ကျပ်ကိုင်ပြီး ထိုင်ငိုင်ရမယ့် အခြေအနေဖြစ်လာမှာပဲ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article