25 C
Yangon

မိုးမိတ်မြို့အနီး တိုက်ပွဲ ဖြစ်ပွားနေပြီး မြို့ပေါ်နေ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

မိုးမိတ်မြို့အနီး တိုက်ပွဲ ဖြစ်ပွားနေပြီး မြို့ပေါ်နေ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၄

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ်နေ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်၍ မိုးမိတ်မြို့အနီးရှိ လယ်ကြီးရွာနှင့် တရက်တောရွာ ဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များလည်း ပျံဝဲနေသောကြောင့် မြို့ပေါ်နေ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“လယ်ကြီးရွာနဲ့ တရက်တောရွာဘက်မှာ ဖြစ်နေတာပါ။ အခုက နှစ်ဖက် ပစ်နေပြီ ၆ နာရီလောက်က စပစ်နေတာ မိုးမိတ်က ပြည်သူတွေတော့ ရှောင်နေကြပြီး လယ်ကြီးရွာနဲ့ တရက်တောရွာက မိုးမိတ်မြို့နဲ့ နီးတယ်။ စစ်ခွေး စခန်းတွေက အဲမှာရှိတယ်။ တရက်တောရွာနဲ့က ပိုပြီး နီးတယ်။ ဗျူဟာ ၃၄၈၊ ၂၇၆၊ ၂၂၃ တပ်ရင်းတွေက အဲနေရာမှာ စစ်ခွေးတွေက ဒီရက်ပိုင်း လယ်ကြီးမှာစစ်တပ်ထိုင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မိုးမိတ်မြို့အနီး မိုးရွာသွန်းနေပြီး အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များ ပျံဝဲ နေခြင်းကြောင့် ကျေးရွာနေ ပြည်သူ တချို့ တိမ်းရှောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article