25 C
Yangon

မြိုင်မြို့နယ်၊ ကံမြင့်ကုန်း ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင် ကျောင်းသားကလေးငယ်များအပါအဝင် ၄ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်နေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၄ ဦး ထက် မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း Pakokku People Defense Force – PPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၅ ရက် နံနက် ၉ နာရီခန့်အချိန် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကံမြင့်ကုန်းကျေး ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စာသင်နေသည့် စစ်ဘေးရှောင်ကလေးငယ် အပါအဝင် ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရ သည်။

“စစ်ဘေးရှောင်ကလေးတွေ စာသင်နေတဲ့ ကျောင်းပေါ်ကို ဗုံး ၂ လုံးကျဲချခံရတာ၊ ခန္ဓာကို ပိုင်းပိုင်း ပြတ်ထွက်သွားတာတွေရော၊ ခန္ဓာကိုယ်ပိုင်းအစတွေ အိမ်ခေါ်မိုးပေါ် လွှင့်စင်သွားကျနေတာတွေရော အတော်ဆိုးဆိုးဝါးဝါးကို သေကြရတာ။ သေတာကတော့ မနေ့ကည အထိ ၄ ယောက်သေတယ်၊ ၅ ယောက်လို့လည်းပြောတယ်။ စာ သင်နေတဲ့အချိန် ချတာဆိုတော့ ဘောင်းဘီအစိမ်းလေးနဲ့ ကလေးလေးတွေအတော်ဆိုးတယ်” ဟု Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ် ဝန်းကျင်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၆၀ အရွယ်အဘွား ၁ ဦး၊ အမျိုးသမီး ၂ ဦးပွဲချင်းပြီးသေဆုံးကာ အ လောင်း များမှာ ခွဲခြားမရသဖြင့် အဝတ်အစားများကို ခန့်မှန်းကြည့်ရှုကာခွဲခြားရကြောင်း၊ ခန္ဓာအပိုင်း အစများကို ညနေ ၄ နာရီခန့်တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြေမြှုပ်သင်္ဂြိုလ်နေစဉ် ကံတော်ကုန်းရွာရှိ အကြမ်းဖက်စစ်တပ်က ကံမြင့်ကုန်းသုဿန်ဘက်သို့ လက် နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် ကံမြင့်ကုန်းကျေးရွာအပါအဝင် အနီးတဝိုက် ရှိပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article