25 C
Yangon

ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက သတိပေးကြေညာချက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်တိုင်းအတွင်းတွင် ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး အဆိုပါ ညွှန်ကြားမှုကို လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက ယနေ့ သတိပေးကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် တစ်နေ့လျှင် ၃ ကြိမ် ရွှေစျေးနှုန်း သတင်းထုတ်ပြန်ပေးနေကြောင်း၊ ရွှေရောင်းချသည့်အခါ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေးရန်၊ ရွှေဆိုင်များကိုလည်း နေ့စဉ် ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန်၊ ရွှေနှင့်ငွေကြေးစျေးကွက်ကို စစ်ကောင်စီ၏ စောင့်ကြည့် ၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများက ကြပ်မတ် ထိန်းသိမ်းနေကြောင်း ရန်ကုန်ရွှေအသင်းက သတိပေးသည်။

ရွှေစျေးနှုန်းတည်ငြိမ်ရန် နေ့စဉ် ဆိုင်ဖွင့်၍ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းရန် ၊ စစ်ကောင်စီက စစ်ဆေးသည့်အခါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ရန်ကုန်ရွှေအသင်းက သတိပေးချက်ထုတ်ပြန်သည်။

“အခုက ဆိုင်တွေမှာရော၊ ပြင်ပစျေးကွက်မှာ မီးလင်းရွှေကွက်က လုံး၀ရပ်နေတယ်။ ရွှေဆိုင်တွေလည်း အခေါက်ရွှေနဲ့ ဖြတ်စ မရောင်းဘူးဆိုပြီး ဆိုင်တိုင်းလိုလိုမှာ စာကပ်ထားတယ်။ မီးလင်းရွှေစျေးကွက်ကတော့ ပြတ်သွားပြီ။ အထည်ကတော့ အလျော့တွက် လက်ခကို စျေးအတော်ကို တင်ပြီး ရွှေသတ်မှတ်စျေးနဲ့ ကိုက်သလို ရောင်းနေကြတယ်။ စျေးကွက်ပျက်သွားပါပြီ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီက ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးအရေးယူမှုများနှင့် ၀ရမ်းထုတ်ထားမှုများ လုပ်ဆောင်ထားပြီး ရွှေစျေးကွက်ကို ဖြိုချဖျက်ဆီးလိုက်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article