ရန်ကုန်၊ ဇွန် ၅
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇရပ်ကွက်တွင် လူငယ်များကို စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ် အတင်းအကျပ် အဓမ္မစုဆောင်းပေးနေသူ အုပ်ချုပ်ရေးမှူး ရဲလွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲလွင်သည် ပြည်ကြီးတံခွန်မြို့နယ်၊ မြင့်ကျော်သူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် သေနတ်သမား ၂ ဦးက ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ပြည်ကြီးတံခွန်ထဲမှာ ဇရပ်ကွက်အုပ်ချုပ်ရေးမှူး အပစ်ခံရလို့ အစစ်အဆေးတွေ အရမ်းများနေတယ်။ CCTV တွေလည်း လိုက်တောင်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲလွင်သည် လူ ငယ်များကို စစ်ထဲသွင်းရန် အတင်း အကျပ် လိုက်လံ ဖမ်းဆီးခြင်း၊ စစ်မှုမထမ်းလိုသူများထံမှ ငွေညှစ်ခြင်း၊ ၎င်းနှင့်အဆင်မပြေသော မိသားစုများထံမှ လူ ငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် စာရင်းသွင်းခြင်း ၊ ပြည်သူများအပေါ် နိုင်ထက်စီးနင်းမှုများ ပြုလုပ်ကြောင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားသဖြင့် တော်လှန်ရေးတပ်များ၏ သတိပေးခံရမှု ခံနေရသူဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar