25 C
Yangon

KIO က ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီး

Must read

ရန်ကုန်၊ ဇွန် ၅

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရို းညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

KIOက ပညာရေး ကျောင်းများကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး KIO ၏ ပညာရေး ဌာနကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၊ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပစ်အခတ်ရပ်ဆိုင်းရေး ကာလ အတွင်း ၁၀ တန်းစာမေးပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကာလ နိဂုံးချုပ်ပြီးနောက် မြစ်ကြီးနားမြို့တွင် ၁၀ တန်းစာမေးပွဲဖြေဆိုခွင့်သည်လည်း ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

KIO ပညာရေးဌာန အနေဖြင့် အခြေခံပညာရေး သာမက အဆင့်မြင့် ပညာရေးကိုပါ တိုးချဲ့ဖွင့်လှစ်နိုင် ရန် လိုအပ်လာပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအားလုံး ၂၁၅ ကျောင်းအထိ ရှိခဲ့ ကြောင်း၊ ယခု ၂၀၂၄- ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၂၃၃ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း ကျောင်းပေါင်း ၄၄၈ ကျောင်းအထိ ရှိလာတော့မည်ဖြစ်ကြောင်း အဆိုပါကျောင်းများတွင် တာဝန်ယူသင်မည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၆၇၉ ဦးကို ၊ ပညာ ရေး ဝန်ထမ်း ၄၁၅ ဦးရှိကြောင်း သိရှိရသည်။

အဆင့်မြင့်ပညာရေးကျောင်းများ အနေဖြင့် ဆရာ အတတ်သင် ကောလိပ် (မိုင်ဂျာယန်)မိုင်ဂျာယန် ကောလိပ်အုပ်ချုပ်ရေး အရာရှိ သင်တန်းကျောင်းစိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်းကျောင်းသူနာပြုသင်တန်းကျောင်းဗိုလ်သင်တန်းကျောင်းကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (KSCU)Federal Law AcademyInstitute of Liberal Arts and Sciences (Mai Ja Young) တို့ပါ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

“ KIO အုပ်ချုပ်မှု ဒေသတွင်းမှာ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ တရား ဝင်ရုံးအမိန့် ထုတ် ပြန်ထားပါတယ်။” ဟု KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ထုတ်ပြန်ထားသည်။

Basic Education Common Curriculum Framework ရေးဆွဲပြီးစီးထားပြီဖြစ်ပြီး KG မှစ၍ Grade 12 အထိ ၆ – ၃- ၃ စနစ်ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း၊ မိခင်ဘာသာ စကား၊ စာပေဖြင့် အစပြု သင်ကြားမည့် စနစ်ထည့် သွင်းပြဌာန်းထားသည့်အပြင် ကချင်မဟုတ်သော အခြားတိုင်းရင်းသား လူမျိုးများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက ကျောင်းများ ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – KIO လက်အောက်တွင် ဖွင့်လှစ်ထားသော ပညာရေးကျောင်း၏ ယခု မေလအတွင်း ဘွဲ့နှင်းသဘင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article