ဘန်ကောက်၊ မေ ၇
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာရသော အိမ်နှင့်ဝေကွာနေရသည့် မြန်မာပြည်သူများအတွက် ရည်ရွယ်ပြီး အိမ်လွမ်းသူ မြန်မရုပ်ရှင်ပွဲတော်ကို ထိုင်းနိုင်ငံ၊ပြင်သစ်၊အင်ဒိုနီးရှားနိုင်ငံတို့၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရုပ်ရှင်ပွဲတော်ကို Spirit in Education Movement (SEM) နှင့် Asia Justice and Rights – AJAR တို့ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ချင်းမိုင်မြို့ ၊ မဲဆောက်မြို့၊ မဲဟောင်ဆောင်၊ ချင်းရိုင်၊ ဘန်ကောက်၊ ရနောင် နှင့် ပြင်သစ်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံတို့၌လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြုလုပ်ရသည့် ရည်ရွယ်ချက်ကတော့ အာဏာသိမ်းပြီနောက် လေကြောင်းတိုက်ခိုက်မှု၊ စစ်မက်ပဋိ ပက္ခများ၊ CDM များ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူများ၊ရွှေ့ပြောင်း အလုပ်သမားများ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်နှင့်ဝေးနေရသည့် မြန်မာပြည်သူများ၏ ဘဝကို စာနာ နားလည်ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရုပ်ရှင်ပွဲတော်တွင် စကားဝိုင်းအစီအစဉ် တေးဂီတနှင့် performance artsတို့ကို ထည့်သွင်းထားပြီး ထိုင်း-မြန်မာ တက်ကြွလှုပ်ရှားသူတွေအတွက် Dialogue space တခုအပြင် မြန်မာပြည်သူလူထု အပြင် ဒုက္ခသည်ရင်ဆိုင်နေရသည့် အခက်အခဲ ဆင်းရဲဒုက္ခပြသနာများ ကို ထိုင်းအစိုးနှင့် နိုင်ငံရေးသမားများကြား ပိုမို သိရှိအောင် Advocate လုပ်ဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






