25 C
Yangon

နွားထိုးကြီး၊ ခံစပ်ကုန်းရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုန်းကြီး ၁ ပါးအပါအဝင် ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဘုန်းကြီး ၁ ပါးအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်း ကြီးကျောင်းပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ဝန်းကျင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းအရှေ့ ဘုန်း ကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုါ် ၄ လုံးကျဲချတိုက် ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းလုံးဝပျက်စီးသွားပြီး ဘုန်းကြီးတစ်ပါး ဆီးခုံတွင် ဗုံးစထိမှန်ဒဏ်ရာနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျဲသွားတာ ၄ လုံးကျဲသွားတာ၊မပေါက်ကွဲတဲ့ တစ်လုံးလည်း ကျန်နေသေးတယ်။ ဘုန်းကြီး ကျောင်း ကိုပဲ ကျဲချသွားတာ။ ဘုန်းကြီးက ပျံလွန်တယ်လို့ ကြားပေမယ့် အတည်ပြုလို့မရသေးဘူး။ ဆီးခုံထိသွားတယ်ဆိုတာတော့ သေချာတယ်။ ဘာတိုက်ပွဲမှာ မဖြစ်ဘဲနဲ့ ကျဲသွားတာ။ မကျဲခင် အရင် ရက်တွေကတော တိုက်ပွဲတွေဖြစ်တာရှိတာပေါ့” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီက နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးပြီး ကျေး ရွာ များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article