25 C
Yangon

မြန်မာ့ရွှေစျေး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်ဝန်းကျင် စျေးပေါက်နေကာ စစ်တပ်၏ ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် အရောင်းအဝယ် ဆက်လက် ရပ်ဆိုင်း

Must read

ရန်ကုန်၊ ဇွန် ၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာ့ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းကျင်ဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေကြောင်း ရန်ကုန်ရွှေစျေးကွက်နှင့် ငွေလဲစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက သတ်မှတ်သောစျေးကွက်နှင့် ပြင်ပကုန်သည်များက စျေးကွက်ဟူ၍ နှစ်မျိုးဖြစ်ပေါ်နေပြီး စျေးကွက် ၂ ခုစလုံးတွင် အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်သော ရွှေစျေးနှင့် စစ်ကောင်စီက သတ်မှတ်နေသော ဒေါ်လာစျေးနှုန်းမှာမူ အပြသာဖြစ်ပြီး မည်သူကမှ အဆိုပါစျေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီ၏ ဖျက်ဆီးမှုကြောင့် စျေးကွက် မှာလည်း ပျက်စီးနေကြောင်း ပြောဆိုနေကြသည်။

“အခု ကမ္ဘာ့ရွှေစျေးကတော့ နည်းနည်းပြန်တက်တယ်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၅၄ အထိ ရှိတယ်။ မြန်မာ့ရွှေစျေးက မီးလင်းရွှေတစ်ကျပ်သားကို ၅၃ သိန်းရှိတယ်။ ရန်ကုန်ရွှေအသင်းကတော့ ၄၈ သိန်းဝန်းကျင် သတ် မှတ်တယ်။ သူတို့က စျေးသာ သတ်မှတ်တာသာ သတ်မှတ်တာလေ။ ရွှေလည်း ထုတ်မရောင်းနိုင်ဘူး။ သူတို့သမှတ်တဲ့စျေးနဲ့ ရမယ်ဆိုရင် ရွှေပိဿာလိုက်တောင် လိုချင်ပါသေးတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်မှ ၄၃၀၀ ကျပ်အကြား ရောင်းစျေး၊ ဝယ်စျေး ကွာခြားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေကုန်သည်များနှင့် ရွှေဆိုင်ပိုင်ရှင်များ၊ ဟွန်ဒီနှင့်နိုင်ငံခြားငွေလဲလှယ်သူများကို ဖမ်းဆီးခြင်းဖြင့် ရွှေစျေးနှုန်းနှင့် ငွေစျေးနှုန်းကို ထိန်းသိမ်းရန် ကြိုးပမ်းနေသဖြင့် လတ်တလော ပြည်တွင်း ပြင်ပစျေးကွက်မှာ ရပ်ဆိုင်းလျက်ရှိကြောင်း သိရှိရသည်။

(ရန်ကုန်ခေတ်သစ်သတင်းဌာနက နေ့စဉ် စျေးကွက်ပေါက်စျေး ရွှေစျေးနှင့်နိုင်ငံခြားငွေလဲလှယ်စျေးနှုန်းများကို အများပြည်သူ သိရှိ စံထား အရောင်း အဝယ်ပြုလုပ်နိုင်ရန် သတင်းရေးသားဖော်ပြသွားပါမည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article