25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကြောင်းထိုးဖို့ တာဝန်ကျနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ (တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲ)က အကြပ် နဲ့ စစ်သည် ၇ ဦးရဲ့ ဇနီးသည် ၇ ဦးလုံးဟာ သူတို့ရဲ့ ခင်ပွန်းတွေကို စွန့်ခွာသွားကြတဲ့အမှုဟာ တပ်ထဲမှာ ဟိုးလေးတကြော်ကြော် ဖြစ်နေတယ်လို့ လေတပ်သတင်းရင်းမြစ် Operation Spitfire နဲ့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မွန်ပြည်နယ်က ရေးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ – ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို တော်လှန်ရေးတပ်တွေက သတင်းအရ ကြိုတင် စောင့်ဆိုင်း ဖမ်းဆီးတဲ့အချိန် ခုခံမှု မရှိဘဲ အသာတကြည် လက်နက်နဲ့အတူ အဖမ်းခံခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို‌ ပြောပါတယ်။
  • ရခိုင်ပြည်နယ် ၊ စစ်တွေမြို့က ဗျိုင်းဖြူကျေးရွာမှာ အပြစ်မဲ့ ပြည်သူ ၇၆ ဦးကို အကြမ်းဖက် စစ်ကောင်စီနဲ့ လက်အောက်ခံတွေက မတရားနှိပ်စက် ညှင်းပန်း သတ်ဖြတ်မှုကို TNLA နဲ့ MNDAA က အ ပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ၊ ရခိုင်ပြည်တွင်သာမက မြန်မာ တစ်နိုင်ငံလုံးမှာ ဒီလိုလုပ်ရပ် တွေကို နောက်ထပ် မလုပ်ပဲ အမြန်ဆုံး ချက်ချင်း ရပ်တန့်ရန်၊ စစ်ကောင်စီကို ညီနောင် မဟာမိတ် TNLA နဲ့ MNDAA ၂ ဖွဲ့က သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article