28 C
Yangon

ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် သိန်းဆွေ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၇

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးနေသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် သိန်းဆွေကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် သိန်းဆွေ(ခ)ဗူးလွယ်သည် ဇနီးဖြစ်သူနှင့် ကျောက်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သိန်းဆွေမှာ နေရာ၌ ပွဲချင်းပြီး သေဆုံးပြီး ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် သိန်းဆွေသည် သင်ပျိုကျေးရွာ အုပ်ချူပ်ရေးမှူး အဟောင်းဖြစ်ပြီး ပစ္စသေနတ်ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ သိန်းဆွေသည် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးခြင်း၊ ကျေးရွာအတွင်း စစ်တပ်လာလျှင် ရိက္ခာပို့ဆောင်ပေးခြင်းနှင့် ပြည်သူများ ဒုက္ခရောက်စေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် စစ်တပ်ကို သတင်းပေး တိုင်ကြားမှုများ ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပျူစောထီး ခေါင်းဆောင် သိန်းဆွေထံမှ ၉ မမ ကျည် ၇ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ငွေ ၂ သောင်း နှင့် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့ပြီး ယင်းတိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (K.R.A) နှင့်အတူ ကျောက်ဆည် KDDF ၊ စဉ့်ကိုင်မြို့နယ် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ပတ်သက်နေတဲ့ မည်သူမဆို ဆက်လက် တိုက်ခိုက်သွားမယ်လို့ သတိပေး ပြောကြားချင်ပါတယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article