25 C
Yangon

နွားထိုးကြီး-မြင်းခြံ နယ်စပ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ သေနတ် ၁၃ လက် သိမ်းဆည်းရရှိ

Must read

နွားထိုးကြီး-မြင်းခြံ နယ်စပ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ သေနတ် ၁၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးပြီး ၅ ဦးအရှင်မိကာ သေနတ် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် နွားထိုးကြီး-မြင်းခြံ နယ်စပ်တွင် စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးကာ ၅ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ် ၁၃ လက် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နွားထိုးကြီးနဲ့ မြင်းခြံ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ စစ်ခွေး အလောင်းတွေ ၁၃ လောင်းရတယ်။ လက်နက်တွေ သိမ်းဆည်း ရမိတာလည်းရှိပါတယ်။ လက်နတ်က ၁၃ လက် ရတယ်။ စစ်ခွေး ၅ ကောင် အရှင်ဖမ်းမိတယ်။ တိုက်ပွဲက ၅ ရက်နေ့နဲ့ ၆ ရက်က ဖြစ်ခဲ့တာပါ” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေပြီး ထိတွေ့ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားလျက်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article