25 C
Yangon

ဘီးလင်းတွင် လျှပ်စစ်ရုံး လုံခြုံရေး ရဲတပ်ကြပ်ကြီး တင်လှ ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပံတန်းတွင် ရပ်ကွက်ရုံးကို ပစ်ခတ်မှု စစ်သားသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူး သေဆုံး

Must read

ဘီးလင်းတွင် လျှပ်စစ်ရုံး လုံခြုံရေး ရဲတပ်ကြပ်ကြီး တင်လှ ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပံတန်းတွင် ရပ်ကွက်ရုံးကို ပစ်ခတ်မှု စစ်သားသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူး သေဆုံး

ရန်ကုန်၊ ဇွန် ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းလျှပ်စစ်ဓာတ်အားခွဲရုံ၏ လုံခြုံရေး ရဲတပ်ကြပ်ကြီး တင်လှ ပစ်ခတ်ခံရပြီးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီအချိန် ဘီးလင်းမြိုနယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ယွန်းဒလင်းကုန်းကျေးရွာ လမ်းဆုံအနီးတွင် တောင်စွန်းလျှပ်စစ်ဓာတ်အားခွဲရုံမှ လုံခြုံရေးစောင့်ပြီး ပြန်လာသော ရဲတပ်ကြပ်ကြီး တင်လှ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ အခင်းဖြစ်သည့်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဓာတ်အားခွဲရုံကနေ ထမင်းစားပြန်ရင်း အပစ်ခံရပြီး သေဆုံးတာ။ သူက ဘီးလင်းထဲမှာ ကြာပြီနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော မင်းရပ် ရပ်ကွက်ရုံးကို ဝင်ရောက် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ထိပ်ကြီး သေဆုံးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မင်းရပ် ရပ်ကွက်ရုံးကို နွေဦးရောင်ခြည် စစ်ဆင်ရေးအဖြစ် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ထိပ်ကြီး(ခ)ကိုသက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရပ်ကွက် အုပ်ချုပ်ရေးမှူး ထိပ်ကြီးသည် လက်ပံတန်းမြို့နယ် ပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးထဲမှ ၁ ဦးဖြစ်ပြီး ၄င်းကြောင့် ထွက်ပြေး တိမ်း ရှောင်နေရသူများနှင့် ဖမ်းဆီးခံရသည့် ပြည်သူ အများအပြားရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးရာတွင်လည်း ဦးဆောင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယား လည်ပတ်ပေးနေသူများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article