25 C
Yangon

ထားဝယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

Must read

ထားဝယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် ခြေလျင် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ထံမှ သိရသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ကျောက်မဲတောင် ရဲစခန်းမှ ထားဝယ်မြို့ဘက်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို ပခပ်ကျေးရွာ လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်း ထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ခြေ လျင် စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မ တော် (BHA) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြရန်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များ၏ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန်နှင့် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ နိုင်ငံ၏ နေရာဒေသ အသီးသီးတွင် အဓိကထား အသုံးပြုတိုက်ခိုက် လာသည့်အတွက် ပြည်သူများ အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် ဗထူးတပ်မတော် (BHA)က တိုက်တွန်းထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့ စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှု ပေါင်းများစွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက်ကြရန် ဗထူးတပ်မတော် (BHA) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article