25 C
Yangon

မြ၀တီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးနေ

Must read

မြ၀တီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးနေ

ရန်ကုန်၊ ဇွန် ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တစ်မြို့လုံးနီးပါး ရေကြီးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇွန်လ ၈ ရက်နေ့ ညသန်းခေါင်ယံချိန်မှစတင်ပြီး ယနေ့ နံနက်ပိုင်းအထိ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြ၀တီမြို့နေရာအများစုတွင် ရေကြီးနေကြောင်း၊ လတ်တလော ရေဘေးကြောင်း ပြောင်းရွှေ့ရသူမရှိသော်လည်း သွားလာရေးအခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။

“သောင်ရင်းမြစ်ရေကလည်း တန့်နေတော့ ရေကမဆင်းဘဲတောင့်နေတာ။ မိုးတိတ်သွားရင်တော့ ရေတွေ ပြန်ဆင်းသွားမှာပါ။ ပြောင်းရွှေ့ရတာမျိုးတော့မရှိသေးဘူး။ နေ့လယ် မိုးတိတ်ရင်တော့ ရေတွေ ဆင်းသွားမယ်ထင်ပါတယ်။ အခုထက်ထိတော့ မိုးက ရွာနေတုန်းပဲ”ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article