25 C
Yangon

မုံရွာမြို့ပတ်လမ်းတွင် အပြစ်မဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

Must read

မုံရွာမြို့ပတ်လမ်းတွင် အပြစ်မဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း မုံရွာမြို့ ကံမကျေးရွာအနီး မြို့ ပတ်လမ်းတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ အမျိုးသားတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၇ ရက် နံနက် ၈ နာရီ၀န်းကျင်အချိန် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ မုံရွာမြို့ပတ်လမ်း ကံမကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့၀င်များက ကားဖြင့် ရောက်ရှိလာပြီး ကားပေါ်မှ အမျိုးသားတစ်ဦးကို ဆွဲချကာ သေနတ်ဖြင့် တစ်ချက်တည်း ပစ်သတ်လိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ကားပေါ်ကနေ ယောကျ်ားတစ်ယောက်ဆွဲ ချပြီးသေနတ်နဲ့ တစ်ချက်တည်းပစ်လိုက်တာ၊ပြီးတော့မှာ နာရေးကူညီမှုအသင်းကားရောက်လာတာ”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး ပြန်လည်ထွက်ခွာပြီးချိန် မုံရွာလူမှုကူညီရေးအသင်းကားတစ်စီး ရောက်လာပြီး အလောင်းကို သယ်ယူသွားကြောင်း၊ အသတ်ခံရသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြု နိုင်သေးကြောင်း သိရှိရသည်။

“သတ်ခံရတာ ယောက်ျားလေးဆိုတာတော့ သေချာတယ်။ဘယ်သူဘယ်ဝါတော့ မသိဘူးပြီးတော့ လူနာ တင်ကား ရောက်လာပြီး တင်သွားတာ” ဟု မျက်မြင်ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များ ပစ်သတ်ထားခဲ့သည့် အမျိုးသားအလောင်းကို မုံရွာလူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားပြီး နာရေးသယ်ကားနှင့်အတူ စစ်သားများလိုက်ပါသော အိမ်စီးကား ၂ စီးလည်းပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြသည့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article