25 C
Yangon

မြိုင်မြို့ပေါ် မန္တလေး လမ်းပိုင်းရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မြိုင်မြို့ပေါ် မန္တလေး လမ်းပိုင်းရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ မြိုင်မြို့ပေါ် မန္တလေး လမ်းပိုင်းရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် မြိုင်မြို့ အရှေ့ဘက် မန္တလေးလမ်းပိုင်း အထွက်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်သည် စစ်သား၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း တပ်စွဲထားသော ဂိတ်စခန်းဖြစ်ပြီး ဘန်ကာများဖြင့် ၃ ထပ် RC တိုက်ပေါ်တွင် အခိုင်အမာ ခံစစ်ပြုထားသော ဂိတ်စခန်းဖြစ်သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက RPG များ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ည​နေ ၃ နာရီမှစ၍ ည ၈ နာရီ အထိ ၅ ခန့် နာရီမြင့်ခဲ့ပြီး တော်လှန်ရေး ရဲ​ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်‌ သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖနှင့် ဆားလင်းကြီး SSTF အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဝေဟင် တိုက်ခိုက်မှု အဖြစ် မြိုင် ပကဖ Drone Team ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ၏ Team (3) PDAF နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ၏ Team (4) SSTF တို့က ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်​ရေးကာလ ၃ နှစ် ​ကျော် ကြာလာသည့် ပြည်သူများ အထိအခိုက်များသည်ကို ​တော်လှန် အင်အားစုများအ​နေဖြင့် လွန်စွာအားနာမိကြောင်း၊ ​တိုက်ပွဲဆင်နွှဲသည့်အခါ ကုန်ကျသည့် လက်နက်ခဲယမ်းတန်ဖိုးမှာလည်း များပြားလှသည့်အတွက် ပြည်သူများအ​​နေဖြင့် ​တော်လှန်​ရေးမှာ ဆက်လက်ပါဝင် ပေးရန် တောင်းဆိုကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article