25 C
Yangon

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ တရားမဝင် သွားရောက် အလုပ်လုပ်မည့် မြန်မာ ၂၉ ဦးကို တာ့ခရိုင်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ

Must read

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ တရားမဝင် သွားရောက် အလုပ်လုပ်မည့် မြန်မာ ၂၉ ဦးကို တာ့ခရိုင်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၁၀

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တရားမဝင် သွားရောက် အလုပ်လုပ်မည့် မြန် မာအလုပ်သမား ၂၉ ဦးကို တာ့ခရိုင်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၈ ရက်နေ့ နံနက်အစောပိုင်း မိုးများသည်းထွန်စွာနေချိန် ထိုင်းစစ်တပ်က ကင်းလှည့်ရာတွင် မြန်မာအလုပ် သမား ၂၉ ဦးကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၇ ဦးတို့ဖြစ်ကြပြီး အထုပ်အပိုးများဖြင့် ဘန်ကောက်သို့ သွားရောက် အလုပ်ကြကြရန် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ထွက်ဆိုကြကြောင်း သိရှိရသည်။

မြန်မာတရားမဝင် အလုပ်သမား ၂၉ ဦးသည် တာ့ခရိုင်အတွင်း စစ်ဆေးရေးဂိတ်မရောက်မီအထိ ကားဖြင့် လာပြီး စစ်ဆေးရေးဂိတ်ကို ခြေလျင် ဖြတ်သန်းကြကြောင်း၊ ယင်းနောက် လာရောက်ခေါ်ယူမည့် သူကို ထိုင်၍ စောင့်ဆိုင်းနေစဉ် ထိုင်းစစ်တပ်၏ ဖမ်းဆီးမှု ခံရခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမားတချို့မှာ ဘန်ကောက်တက်ရန် ငွေပေးချေထားပြီး တချို့မှာ ငွေမပေးရသေးကြောင်း ၊ ဖမ်းဆီးရရှိသူများကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article