25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ ၄ နဲ့ ၉ ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ ရဲတွေနဲ့ မိသားစုဝင်တွေကို စစ်တပ် ကမ်းထိုး- ရေယာဉ်က မကယ်ဆယ်ဘဲ သေနတ်နဲ့ ပစ်ခတ်မှု ကြောင့် ရဲတွေနဲ့ မိသားစုတွေရဲ့ စက်လှေပါ တိမ်းမှောက်သွားပြီး အမျိုးသမီးနဲ့ ကလေးတွေ ရေနစ်ပျောက်ဆုံးနေတယ်လို့ နေပြည်တော်မှာနေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ ဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ်ကနေ အာရက္ခတပ်တော် AA တိုက်ခိုက်မှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မနေ့ကပဲ သင်္ဘောနဲ့ ပြန်ပို့လိုက်ပြီး ၊ စစ်ကောင်စီကလည်း မြန်မာအကျဉ်းထောင်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသား ၄၅ ဦးကို ပြန်ပို့ ပေးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေအရ သိရပါတယ်။
  • ပဲခူးတိုင်းက က၀မြို့နယ်၊ ညောင်ပင်သာရွာမှာ စစ်မှုထမ်းဖို့ အတင်းအကျပ် လူသစ်စုဆောင်းမှုတွေ ကြောင့် ရွာက လူငယ်အမျိုးသားတွေဟာ ထွက်ပြေး တိမ်းရှောင်ကုန်ကြတဲ့အတွက် တပ်သားသစ် စုဆောင်းမရတော့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်စိုးပါ ထွက်ပြေးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article