25 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ စျေးရှိ၊ မြန်မာ့ ရွှေစျေးနိမ့်ပြီး စျေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံစျေးကွက်များသို့ စီးဆင်းရန်ရှိနေ

Must read

အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ စျေးရှိ၊ မြန်မာ့ ရွှေစျေးနိမ့်ပြီး စျေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံစျေးကွက်များသို့ စီးဆင်းရန်ရှိနေ

ရန်ကုန်၊ ဇွန် ၁၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၂ သိန်း ၈ သောင်းခွဲစျေးဝန်းကျင်ရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးနှင့် နိုင်ငံခြားငွေလဲဒိုင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ အရွက် စျေး နည်းနည်းကျတယ်။ ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းကျတယ်။ ရွှေစျေးလည်း နည်းနည်းကျတယ်။ အရောင်းအဝယ်ကတော့ စျေးကွက်ပျက်နေတော့ မရှိဘူး။ စျေးတန်းတော့ ဖွင့်ထားတယ်။ ရောင်းမရ ဝယ်မရဖြစ်နေတယ်။ YGEA ရန်ကုန်ရွှေအသင်းစျေးနဲ့လည်း ဘယ်လိုမှ ရောင်းမရ၊ ဝယ်မရပါပဲ” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

စစ်ကောင်စီက သတ်မှတ်ပြီး ရန်ကုန်ရွှေကုန်အသင်းက ထုတ်ပြန်သော ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်း ၅ သောင်းခွဲကျပ် သတ်မှတ်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် ပြည်တွင်းတွင် ရွှေစျေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်ပြီး စျေးနှုန်းကိုလည်း အနိမ့်စျေး ဖွင့်လှစ်ထားသဖြင့် မြန်မာ့ရွှေများ အိန္ဒိယ၊ တရုတ်နှင့်ထိုင်းစျေးကွက်များသို့ စီးဆင်းနိုင်ခြေ မြင့်မားနေကြောင်း ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

“ပြည်တွင်းမှာက အခု ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး။ ရွှေစျေးကလည်း တအားနိမ့်နေတော့ ပြည်တွင်းရွှေတွေက အိမ်နီးချင်းစျေးကွက်တွေဆီကို မှောင်ခိုနဲ့ရောက်မယ့် အခြေအနေရှိတယ်။ ပြည်တွင်းမှာ ရွှေစျေးက အရမ်းနိမ့်နေတော့ စျေးပိုရမယ့် အိမ်နီးချင်းနိုင်ငံစျေးကွက်တွေဆီကို မကြာခင်တော့ အလုံးအရင်းရောက်ဖို့ရှိနေတယ်” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article