25 C
Yangon

နွားထိုးကြီးတွင် ပြည်သူများထံမှ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ကျိုက်ထိုတွင် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

နွားထိုးကြီးတွင် ပြည်သူများထံမှ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ကျိုက်ထိုတွင် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပြည်သူများထံမှ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Anyar Federal Task Force အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နွားထိုးကြီးမြို့နယ်၊ ရွာ​ကြီးကျေးရွာတွင် ယာယီ အထိုင်ချ တပ်စွဲပြီး ပြည်သူများထံမှ ငွေညှစ်နေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ဇွန်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီး စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (A F T F) နှင့်အတူ မဟာမိတ်အဖွဲ့ဖြစ်သော Freedoom Fighter Guerrilla Force (FFGF)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်းပတ်ဝန်းကျင်သို့ တက်လာသော အကြမ်းဖက် စစ်သားနှင့် ရဲများကို ၄၀ မမဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ဇွန်လ ၈ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်း ပတ်ဝန်းကျင်သို့ တက်လာသည့် အကြမ်းဖက်စစ်သား၊ ရဲ ၂၆ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၄ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် ပြည်သူအမျိုးသမီးတစ်ဦးလည်း ၄၀ မမ ကျည်အစ ခြေသလုံးရှပ်ထိဒဏ်ရာ(မစိုး ရိမ်ရ) ရရှိခဲ့ကြာင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးထိခိုက်ခဲ့မှုအပေါ် ပူးပေါင်းအဖွဲ့ မှ လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက် ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article