25 C
Yangon

သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူပြည်သူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ များစာရင်းထုတ်ပြန်

Must read

သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူပြည်သူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ များစာရင်းထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၀

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူပြည်သူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ များ၏ စာရင်းကို AA ရခိုင်တပ်တော်က ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စ၍ ညနေ ၄ နာရီ အထိ အကြမ်းဖက် စစ်တပ်က ဆင်ခေါင်းရွာကို တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်မှ လက်နက်ကြီး အလုံးရေ ၆၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ချောစုလှိုင် အသက် ၂၃ နှစ် ၊ ဦးသိန်းရွှေ အသက် ၅၈ နှစ် ၊ ဦးသာကျော် အသက် ၃၄ နှစ် ၊ ဒေါ်ခင်ဌေးဝင်း အသက် ၃၅ နှစ် ၊ ဦးအောင်ချစ်စိန် အသက် ၆၃ နှစ် ၊ ဦးသန်းအောင်ယောက္ခမ အသက် ၇၅ နှစ် ၊ ဦးအောင်ကျော်ဇော အသက် ၂၇ နှစ် ၊ ဒေါ်ဟေမာန်ဦး အသက် ၂၉ နှစ် ၊ ဒေါ်တင်တင် အသက် ၃၈ နှစ် ၊ ကိုမဲ အသက် ၂၇ နှစ် ၊ ကိုမောင်ပြည့်စုံ အသက် ၁၇ နှစ် ၊ မခင်သီရီကျော် အသက် ၁ နှစ် ၃ လ ၊ ဦးဌေးလင်း အသက် ၄၁ နှစ် နှင့် မောင်အေးနိုင်ဦး အသက် ၁၁ နှစ် တို့ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ဦးဝင်းဌေး အသက် ၄၉ နှစ် ၊ ဒေါ်အေးသိန်းနု အသက် ၅၅ နှစ် ၊ မောင်ချစ်ဇော်ဖြိုး အသက် ၉ နှစ် ၊ ဒေါ်အေးအေးငြိမ်း အသက် ၄၃ နှစ် ၊ ဒေါ်ပုတင် အသက် ၇၀ နှစ် ၊ ဦးခင်ဝင်းမောင် အသက် ၃၉ နှစ် ၊ ဦးမောင်သိန်းဝင်း အသက် ၅၃ နှစ် ၊ ဦးထွန်းထွန်းနိုင် အသက် ၃၆ နှစ် ၊ ဒေါ်ဖြူဖြူဝင်း အသက် ၂၇ နှစ် ၊ မြင့်မြင့်ဝင်း အသက် ၁၉ နှစ် ၊ မောင်ခိုင်မင်းဦး အသက် ၇ နှစ် ၊ ဒေါ်သန်းသန်းစိုး အသက် ၅၄ နှစ် ၊ ဒေါ်ကြည်စင် အသက် ၈၈ နှစ် ၊ ဒေါ်ခင်ရီ အသက် ၅၁ နှစ် ၊ ဒေါ်စိုးဝင်းရီ အသက် ၃၁ နှစ် ၊ ဒေါ်စန်းစန်းဦး အသက် ၅၀ နှစ် ၊ မောင်ခင်ဇော် ယောက္ခမ ၊ မောင်ခင်ဇော် သား ၊ ဦးကလေး ၊ ငြိမ်းငြိမ်း ၊ ကက်ဆက်မ ၊ အောင်သန့် ၊ ဂွက်ထော် နှင့် စံသိန်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရှိသူများ ၏ အမည်စာရင်းများသည် ရခိုင် တပ်တော် မှ ရရှိထားသော စာရင်းများဖြစ်ပြီး ဆင်ခေါင်းရွာထဲတွင် မေးမြန်း အတည်ပြုရန် ရွာသူရွာသားများ မရှိခြင်းကြောင့် အတည်မပြုနိုင်သော သေဆုံးသူများရှိကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ နေရာများကို ထွက်ပြေး တိမ်းရှောင်တိမ်းနေရခြင်းကြောင့် အတည်မပြုနိုင်သော ထိခိုက်ဒဏ်ရာ ရရှိသူများရှိနိုင်ကြောင်း AA က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ပြည်သူပိုင် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article