25 C
Yangon

အကြမ်းဖက် မြန်မာစစ်အုပ်စုကို ILO က ချက်ချင်း အရေးယူရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံအတွင်းနှင့် ကုလသမဂ္ဂရုံးရှေ့တို့တွင် ကမ္ဘာလုံးဆိုင်ရာသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင် စုဝေး တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၁

အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး ပြည်သူများကို သတ်ဖြတ်နေသော မြန်မာ အကြမ်းဖက် စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်-ILO က ချက်ချင်းအရေးယူရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံအတွင်းနှင့် ကုလသမဂ္ဂရုံးရှေ့တို့တွင် ကမ္ဘာလုံးဆိုင်ရာသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင် စုဝေးတောင်းဆိုကြကြောင်း သိရှိရသည်။

ဇွန်လ ၁၀ ရက်နေ့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကျင်းပလျက်ရှိသည့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၊ ကမ္ဘာ့ကုလသမဂ္ဂရုံး (the Palace Nations) ရှေ့ Broken Chair တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စည်းလုံးညီညွတ်သော လှုပ်ရှားမှု အထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ၊ ညီလာခံ တက်ရောက်လာသည့် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများနှင့် အလုပ်သမားရေးရာရှေ့နေများ စုဝေး၍ မြန်မာစစ်အုပ်စုကို ILO ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ Article 33 နှင့် အညီ အမြန်ဆုံး အရေးယူရန် စုဝေး တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတကာမှ Building and Wood Workers’ International (BWI) အပါအဝင် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ် များ (Global Unions)က စီစဉ်သည့် အဆိုပါ လူထုစုဝေးတောင်းဆိုပွဲတွင် စစ်ကောင်စီ၏ ဒီမိုကရေစီ အင်အားစုများနှင့် အလုပ်သမားသမဂ္ဂများကို ဖိနှိပ်ဖြိုခွဲနေမှုများအပေါ် ရှုတ်ချခဲ့ကြကြောင်း၊ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃ ဖြင့် မြန်မာစစ်အုပ်စုကို အရေးယူရေးဆိုင်ရာ အစီအမံများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခြင်းဖြင့် ILO စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို အလျင်အမြန် အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

လူထုစုဝေးဆန္ဒပြပွဲတွင် မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု အရေးတကြီး လိုအပ်နေကြောင်း တောင်းဆိုကြပြီး ၊ အဆိုပါစုဝေးတောင်းဆိုပွဲတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အသီးသီးမှ အထွေထွေအတွင်းရေးမှူး ၆ ဦးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာ ရှေ့နေများ အပါအဝင် အင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လူထုစုဝေး ဆန္ဒပြပွဲက မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများနှင့် လူနည်းစုများအပေါ် အကြမ်း ဖက်ဖိနှိပ်မှုများ အပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများအားလုံး ရပ်တန့်ကာ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ သို့မဟုတ် အာဏာရှင်အား ဆန့်ကျင်ကန့်ကွက်မှုများ ကြောင့် ဖမ်းဆီးခံထားရသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များအားလုံးကို ချက်ချင်းလွှတ် ပေးရေး၊အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်းအပါအဝင် အဓမ္မလုပ်အားပေးခိုင်း စေမှုများ အားလုံးကို ရပ်တန့်ရေး၊ စီးပွားရေးလုပ်ငန်းများအား ဖိနှိပ်ထိန်းချုပ်ခြင်းမပြုဘဲ လွတ်လပ်မျှတစွာ လည်ပတ်လုပ် ဆောင်နိုင်ရေး၊ ၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အဓမ္မဖမ်းဆီးအကျဉ်းကျခံနေရသော အကျဉ်းသားများအား အဓမ္မလုပ်အားပေးအသုံးပြုမှု ရပ်တန့်ရေး တို့ကို တောင်းဆိုကြကြောင်း သိရှိရသည်။

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ ယခုညီလာခံတွင် အရေးယူရေး၊ ILO စုံစမ်းစစ်ဆေးရေး ကော်မ ရှင်၏ တိုက်တွန်းချက်များအား လေးစားလိုက်နာရေး၊ အမျိုးသားညီညွတ်ရေး အစိုးရက တင်သွင်းသည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်များကို ညီလာခံတွင် အသိအမှတ်ပြုပေးရေးကိုလည်း တောင်ဆိုကြသည်ဟု သိရှိရသည်။

မြန်မာအကြမ်းဖက်စစ်အုပ်စုကို ILO Constitution နှင့်အညီ အရေးယူရန် ဖိလစ်ပိုင်၊ ဂျပန် အပါ အဝင် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကိုယ်စားလှယ်က ညီလာခံ၌ တိုက်တွန်းခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article