26 C
Yangon

ဝိုင်းမော်ရှိ ဘွမ်တောင် စစ်တပ်စခန်း၊ ၁၃ မိုင်စစ်တပ်စုပေါင်းဂိတ်နှင့် တနိုင်းရှိ စစ်ကောင်စီ တပ်ပေါင်းစု စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ဘွမ်တောင် စစ်တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန် ၀ိုင်းမော်မြို့နယ် ဆဒုန်းလမ်းမပေါ်ရှိ ဘွမ်တောင်စခန်းကို သိမ်း ပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းသည် အရေးပါသော စခန်းတစ်ခုဖြစ်ပြီး ဆဒုန်းလမ်းနှင့် ပတ်ဝန်းကျင်နေရာများ၏ နယ်မြေစိုးမိုးရေးအတွက် အဓိက စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

” ဘွမ်တောင်စစ်တပ်စခန်းမှာ စစ် သုံ့ပန်းနဲ့ လက်နက်တွေလည်း သိမ်းဆည်းရရှိပါတယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ ယနေ့ နံနက် ၉ နာရီအချိန် ၀ိုင်းမော်မြို့နယ်၊ ချီဖွေ-ဆဒုံးလမ်းခွဲရှိ ၁၃ မိုင် စစ်တပ်စုပေါင်းဂိတ်ကိုလည်း KIA က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

“ဒီကနေ့ မနက် ၉ နာရီလောက်မှာ ဝိုင်းမော်မြို့နယ် ဝါးရှောင် အထက်နား မှ ချီဖွေ နှင့် ကမ်ပိုင်တီ လမ်းခွဲ မှာရှိတဲ့ စစ်ကောင်စီ ရဲ့ စုပေါင်းဂိတ်ကို KIA နဲ့ တော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်ပါတယ်” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ တပ်ပေါင်းစု စခန်းတစ်ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

တနိုင်းမြို့နယ်၊ ခလောင်ကောင်(ရေကန်တောင်)ရှိ စကစ​၏ တပ်ပေါင်းစုစခန်းတစ်ခုကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်သား အများအပြား တပ်စွဲထားကြောင်း၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက် ၇ နာရီ KIA က သိမ်းပိုက်ရရှိသည့် ဘွမ်တောင် စစ်တပ်စခန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ နံနက် ၇ နာရီ KIA က သိမ်းပိုက်ရရှိသည့် ဘွမ်တောင် စစ်တပ်စခန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article