25 C
Yangon

တောင်သာရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် မကျီးရိုးစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် မကျိုးရိုးစာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့် တောင်သာမြို့နယ်၊ တောင်သာမြို့မရဲစခန်းကို ဒရုန်းဖြင့် အီနာ ဂါဗုံး ၄ လုံးကျဲချ ခဲ့ရာ နန်းတည်းကျေးရွာ အုပ်ကြီး အောင်မြင့်မော်နှင့် ရဲ ၂ ဦး အပြင်းအ ထန်ဒဏ်ရာရရှိပြီး၁ ဦးသေဆုံးသွားကြောင်း၊ ထို့အပြင် ရဲမေ ၂ ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အလားတူ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကိုလည်း တပြိုင်နက်တည်း အီနာဂါ ဗုံး ၂ လုံး ကျဲချခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ထွေ/အုပ်ဝန်ထမ်း ၁ ဦး၏ ဦးခေါင်း ရှပ်ထိ ဒဏ်ရာနှင့် မစိုးရိမ်ရ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၅ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် တောင်သာမြို့နယ်၊ မကျီးရိုးစာသင်ကျောင်းတွင် အထိုင် ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ဒရုန်းဖြင့် အီနာဂါဗုံး ၄ လုံးကျဲချခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ရဲစခန်းဗုံးကျဲတာက ၁ ဦးထပ်သေသွားတယ်လို့ သိရတယ်၊ အဲဒါဆိုတော့ ၂ ဦးသေတာပေါ့၊ နောက်ဒဏ်ရာအပြင်း အထန်ရတဲ့သူတွေ သေလား မသေလားတော့ ထပ်မစုံစမ်းရသေးဘူး။ နယ်မြေ အခြေအနေကလည်း နည်းနည်းရှုပ်ထွေးနေတယ်၊ မြင်းခြံမြို့ပေါ်မှ ၁၂၂ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်ချပြီး ပစ်နေတာ၊ မနေ့ဆိုရင် ပျားရွာဘက်ကို လှမ်းပစ်သေးတယ်၊” ဟု မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း တာဝန်ခံ ကိုလင်းလက် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၈ တပ်ရင်းနှင့် မလှိုင် ပကဖ တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article