25 C
Yangon

မော်လမြိုင်-သံဖြူဇရပ်လမ်းတွင် စစ်သား ၁၀ ဦး လိုက်ပါသော ဟိုက်ဂျက်ကားကို ပစ်ခတ်တိုက်ခိုက်မှု အရာခံ ဗိုလ်တင်ဝင်း သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမတွင် စစ်သား ၁၀ ဦး လိုက်ပါသော အိမ်စီးကားကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ အရာခံ ဗိုလ်တင်ဝင်း သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေး ရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် အမှတ် ၃၁၈ အမြောက်တပ်ရင်းမှ အရာခံ ဗိုလ်တင်ဝင်း ဦးစီးသော စစ်သား ၁၀ ဦး လိုက်ပါသော အိမ်စီးကားကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အရာခံဗိုလ်တင်ဝင်းသည် ကျည်ထိမှန်သေဆုံးပြီး ကားပေါ်မှ ပြုတ်ကျခဲ့ကြောင်း၊ ၎င်း၏ လက်နက် ၁ လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင် ဟိုက်ဂျက်ယာဉ်မောင်းဖြစ်သူ အမှတ် ၃၁၈ အမြောက်တပ်ရင်းမှ တပ်ကြပ်ကြီး ဝင်းဇော်လတ်၏ ယာဒူး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း၊ ပစ်ခတ်မှုတွင် ၁၂ ဘီးယာဉ်မောင်း အသက် ၃၄ နှစ်အရွယ် ချစ်ရင်ထူးလည်း ဝမ်းဗိုက်တွင် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

“ဟိုက်ဂျက်ကားက မောင်းပြေးသွားတယ်။ အရာခံဗိုလ်တင်ဝင်း အလောင်းတောင် မသယ်ဘူး။ သူတို့က အရပ်သားကားနဲ့ အယောင်ဆောင်ပြီး သွားလာနေတာ။ တော်လှန်ရေးတပ်ဘက်က ထိခိုက်မှု မရှိပါဘူး။ ကျနော်တို့ တပ်တွေ ထွက်သွားပြီမှ သူတို့ ဗိုလ်တင်ဝင်းအလောင်းကို လာကောက်သွားတာ” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ – သေဆုံးသူ အရာခံဗိုလ်နှင့် သိမ်းဆည်းရရှိသော သေနတ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article