25 C
Yangon

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ကင်းထောက်မြေပြင်သတင်း – ဝက်လက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရွာသာယာ ပျူစောထီးရွာမှ ရိက္ခာပြတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ထုံးကြီးရွာကို ရိက္ခာရှာရန် သံခွံဖြင့် ထွက်လာစဉ် စဉ့်ကူးမြို့နယ် ပကဖ မှ ရဲဘော်များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထုံးကြီးရွာမှ ဖောင်ဆိပ်၌ အထိုင်ချ၍ အနောက်ဘက်ကျွန်းပေါ်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထီးကုန်းရွာကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၃၀ အရွယ် ကျောင်းဆရာမ ဒေါ်မေဇင်ဝင်း ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူအင်အားထပ်မံ ဖြည့်တင်းနေခြင်းကြောင့် ထီးကုန်းနှင့် သာယာဝတီရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ထီးကုန်းနဲ့ သာယာဝတီ ကတော့ ပြည်သူတွေ အကုန်ရှောင်နေရတယ်။ စစ်ခွေးတွေရှိတဲ့ နေရာနဲ့ ရွာတွေနဲ့ ကြားမှာ မြစ်ခြားထားတယ်။ ထုံးကြီးမှာတော့ စစ်ခွေးတွေ အင်အား ထပ်တိုးထားတယ် ရွှေပြည်ဘက် စစ်ကြောင်း စစ်ကြောင်းကတော့ မထိုးသေးဘူး။ လက်နက်ကြီး ပတ်ထုနေတာ ခုတော့ ပစ်ခတ်မှုမရှိသေးဘူး။ ငြိမ်နေတယ် ကျွန်တော်တို့ အတည်ပြုလို့ရတာ ထိခိုက်ဒဏ်ရာရတာတာက ၃ ဦး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပေါ့။ ကျောင်းဆရာမလေး အသက် ၃၀ အရွယ် မမေဇင်ဝင်းကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရသူ ၂ ဦးက ဆေးကုသမှုခံယူနေပါပြီ” ဟု ကင်းထောက်မြေပြင်သတင်း – ဝက်လက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ထုံးကြီးရွာ ဖောင်ဆိပ်၌ အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သံခွံ ၁ စီးကို ချောဆွဲထားပြီး အရှေ့ရွှေပြည်ဖက်မှလည်း စစ်ကူ အင်အား ၅၀ ခန့်ထပ်မံရောက်ရှိလာကြောင်း မြေပြင်ကင်းထောက်မြေပြင်သတင်း – ဝက်လက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article