25 C
Yangon

နွားထိုးကြီးနှင့် မြင်းခြံ နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၇ ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကိုဖမ်းဆီး သတ်ဖြတ်၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နှင့် မြင်းခြံမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇ ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကိုဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် နွားထိုးကြီး-မြင်းခြံ နယ်စပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ကဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်အတွင်းရှိ နဘူးတောတောင်ရွာ၊ နဘူးတောမြောက်ရွာ၊ ဖောင်ချင်းရွာနှင့် အကျည်းကုန်းတို့ကို ဇွန်လ ၆ ရက်‌နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့နှင့် ဇွန်လ ၉ ရက်နေ့ ၂ ရက်နေ့တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဆူးဖြူကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဆူးဖြူကုန်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ဆူးဖြူကုန်းရွာရှိ ပြည်သူပိုင် နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ပြီး မီးငြိမ်းသတ်ရန် အတွက် ကျေးရွာအတွင်း ဝင်ရောက် လာသည့် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၀ ရက်နေ့ နံနက် အစောပိုင်းတွင် ကူကုန်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာအတွင်း ထွက်ပြေးနိုင်ခြင်းမရှိဘဲ ကျန်ရှိခဲ့သော အသက် ၇၀ ကျော်အရွယ် ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း၊ ဘူးကိုင်းရွာတွင် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်ကလည်း ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖျောင်ချင်းတောင်ရွာနှင့် နဘူးတော တောင်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ဒီနေ့လည်း စစ်ခွေးတွေ ထပ်ပြီး မီးရှို့နေတယ်။ ဖျောင်ချင်းတောင်ရွာနဲ့ နဘူးတော တောင်ရွာကို ထပ်ရှို့နေတာ ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးနေတာ ပြည်သူတွေ အကုန်လုံးကတော့ ပြေးနေရတယ်။ ရွာထဲ အခြေအနေတော့ မသိသေးဘူး။ စစ်ခွေး စစ်ကြောင်းတွေက ရွာတွေကို ပတ်နေတာ ရွာတွေထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article