25 C
Yangon

၀ိုင်းမော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ဘုရားကျောင်းပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ကချင်ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၁၀ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် ဝိုင်းမော်မြို့နယ်၊ သိမ်ကြီးစုရပ်ကွက်၊ လမ်းသွယ် ၁၃ ရဲစခန်းရှေ့ ထရန်စဖော်မာအနီးတွင် လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် အနီးအနားနေအိမ်မှ ဒေါ်နန်းလိုင် အသက် ၅၇ နှစ် ဗုံးဆံထိမှန်ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ည ၈ နာရီအချိန် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပြည်သူ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ် ကိုသားငယ်ဖြစ်ပြီး လက်နက်ကြီးထိမှန်ပြီးနောက် ဝိုင်းမော်ဆေးရုံအရောက်မှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် မြစ်ကြီးနားခရိုင်အတွင်းရှိ ခရစ်ယန်ဘုရားရှိခိုးကျောင်းမှာလည်း ဒရုန်းဖြင့် ဗုံးကျဲခံရ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article