25 C
Yangon

တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီထံသို့ ကင်းလှည့်ရေ ယာဉ် ၆ စီး ပေးအပ်

Must read

တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီထံသို့ ကင်းလှည့်ရေ ယာဉ် ၆ စီး ပေးအပ်

ရန်ကုန်၊ ဇွန် ၁၁

အကြမ်းဖက်စစ်ကောင်စီထံသို့ တရုတ်နိုင်ငံအစိုးရက ကင်းလှည့်ရေယာဉ် ၆ စီး ပေးအပ်လိုက်ကြောင်း ရန်ကုန် တရုတ်သံရုံးက ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၁၁ ရက် နေ့တွင် တရုတ်အစိုးရက မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကင်းလှည့် ရေယာဥ် ၆ စီးကို ရန်ကုန်မြို့တွင် အောင်မြင်စွာလွှဲပြောင်းပေးအပ်ကြောင်း၊ အဆိုပါ စီမံကိန်း သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ပြီး ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံကိန်း၏ လဲ လှယ်မှုစာလွှာကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

တရုတ်နိုင်ငံက ကိုဗစ် ၁၉ ကပ်ရောဂါ စသည့်အခက်အခဲများကို ကျော်လွှားကာ ရေယာဉ်များကို အချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါကင်းလှည့်ရေယာဥ်များသည် ရေ ကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ် ဆယ် ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများတွင် အသုံးချနိုင်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေ စိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် နက်ရှိုင်း စွာတိုက် ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ခြင်းကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တရုတ်သံရုံးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article