27.4 C
Yangon

မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၂ ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၂ နှင့် ဆိုင်ကယ် အစီး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၂ ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၂ နှင့် ဆိုင်ကယ် အစီး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့ဘက်မှ စစ်ကား ၄ စီးဖြင့် အနောက်ဘက်ကို ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တောပုရွာထဲသို့ ပို့ဆောင်ခဲ့ကြောင်း၊ တောပုရွာထဲ၌ ရောက်ရှိနေသော စစ်ကောင်စီ တပ်သားများသည် အနောက်ဘက်ကို ဆက်လက် ထွက်ခွာလာပြီး ရှင်လှ တောင်ရွာနှင့် ရှင်လှ အလယ်ရွာ(ဇလရွာ)ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှင်လှတောင်ရွာမှ ပြည်သူပိုင်နေအိမ် ၄ လုံးနှင့် နွားစာတဲ ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ရှင်လှ အလယ်ရွာ(ဇလရွာ)မှ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင် ဆိုင်ကယ် အစီး ၃၀ ကျော်နှင့် နေအိမ်များရှိ အသုံးအဆောင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ရှိကိုလည်း တောပုရွာဘုရားကျောင်းထဲမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ကူ လမ်းရှင်းပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article