28 C
Yangon

စလင်းတွင် ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်အရာရှိတစ်ဦး အပါအဝင် အများ အပြား ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၀ အဘွား တစ်ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၃

မကွေးတိုင်း ၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် ပျူစောထီးများ ပူးပေါင်းစစ် ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်ကြောင်း ဦး ဆောင်သူ အရာရှိတစ်ဦးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ် ရင်းထံမှ သိရသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်အချိန် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်တွင် စစ်သား၊ ရဲ၊ ပျူစော ထီးပူးပေါင်း အင်အား ၇၀ ခန့်ဖြင့် သဖန်းညိုရွာဘက်မှ အနောက်ဘက်သို့ ချီတက်လာကြောင်း၊ ဆွယ်တယ် ရွာ၏ အနောက်ဘက်တောထဲအရောက် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်း ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကံချောက်ရွာ ၏ အရှေ့ ဘက် မှ ကံချောက်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကံချောက်ရွာမှ အ သက် ၇၀ အရွယ်အဖွား ၁ ဦး လက်နက်ကြီး အစထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်ကြီးပစ်ခတ်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကံချောက်ရွာ အဝင်၌ ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ကာ အကြမ်းဖက်စစ်သားများအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၇ ရက်နေ့၊ နံနက် ၆ နာရီအချိန် အကြမ်းဖက်စစ်သားများက စလင်းချောင်းအတိုင်း ထပ်မံ တက်လာသဖြင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်နေစဉ် ပြည်သူ့ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့များက စစ်ကူရောက်လာသဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့ကာ ယင်းနေ့ ညနေ ၃ နာရီ အချိန်၌ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ SLN (PDF) ၊ မိုးကြိုးပျောက်ကြား၊ မကွေးခရိုင်တပ်ရင်း ၁၊ မကွေးတိုင်းလက်ရုံး Drone အဖွဲ့ နှင့် ဒေါင်းစစ်အောင်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကြောင်းကို ဦးဆောင်လာသည့် ခလရ ၂၅၅ မှ အရာရှိ ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article