28 C
Yangon

လောင်းလုံးတွင် ပျူစောထီးများ စုဝေးနေသည့် နေအိမ်ကို PDF က စီးနင်းမှု သေနတ် ၁ လက်နှင့် ကား ၁ စီး သိမ်းဆည်းရရှိ၊ ထွက်ပြေးသွားသော ပျူစောထီးများကို လိုက်လံရှင်းလင်းမှု ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးများ စုဝေးနေသည့် နေအိမ်ကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းရာ သေနတ် ၁ လက်နှင့် ကား ၁ စီး သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးသွားသော ပျူစောထီးများကို လိုက်လံ တိုက်ခိုက်စဉ် ၅ ဦးခန့် သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ၌ ပျူစောထီးများ စုဝေးနေသည့် နေအိမ်မှ ကင်းလှည့်ရန် ထွက်လာသည့် ပျူစောထီးခေါင်းဆောင် စိုးသန်းဆိုသူနှင့်ပျူစောထီးများကို လောင်းလုံးမြို့နယ် (ပကဖ) ရဲဘော်များနှင့် ထားဝယ်ခရိုင် တပ်ရင်း ၁ ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပျူစောထီးများ ထွက်ပြေး လွတ်မြောက်သွားသောကြောင့် ၎င်းတို့ စုဝေးနေသည့် နေအိမ်ကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်း ရှာဖွေစဉ် ပျူစောထီး ခေါင်းဆောင် စိုးသန်း၏ ကား ၁ စီး ၊ပစ္စတို သေနတ် ၁ လက်နှင့် ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ထွက်ပြေးသွားသော ပျူစောထီးများကို အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ထွက်ပြေးသွားသော ပျူစောထီးများသည် စစ်‌သား တချို့ အပါအဝင် ပျူစောထီး မိသားစုဝင်များကို ခေါ်ဆောင်၍ ကျောက်နီမော်ရွာမှ ထားဝယ်မြို့ကို ငါးဖမ်း စက်လှေ ၁ စီးဖြင့် ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ရဲဘော်များက လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၃ ဦးလုံးသေဆုံးနိုင်ကြောင်း၊ ယင်း ငါးဖမ်း စက်လှေမှာလည်း ကျည် များစွာ ထိမှန်ကာ ပျက်စီးခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများကို အမြစ်ပြတ် သည်အထိဆက်လက် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ် ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

“အဲဒီ ငါးဖမ်း စက်လှေက တော်လှန်ရေး အစပိုင်းတည်းက သူတို့ရေကြောင်းအတွက် အမြဲတမ်း အသုံးပြုနေတဲ့စက်လှေပါ။ စက်လှေလည်း ပျက်စီးသွားတယ်။ စနိုက်ပါထိတဲ့ ၂ ကောင်ကတော့ သေတယ်။ ကျန်တဲ့လှေပေါ်မှာတော့ အတိအကျမပြောနိုင်ဘူး။ သေနိုင်တဲ့ အလားအလာ ရှိတယ်လို့တော့ ပြောလို့ရတာပေါ့” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article