23 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇွန် ၁၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဂမုန်းဆည်ဘောင်ပေါ်ကို စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ၆၀ မမ၊ ၄၀ မမ လက်နတ်ကြီး၊ လက်နတ်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် နံနက် ၆ နာရီ မှ မွန်းလွဲ ၁ နာရီ အထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၇ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တပ်ခွဲ ၁ မှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကြိုပင်ကောက် Hero ပြောက်ကျားအဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး အင်အား အများအပြား အသုံးပြု၍ ထပ်မံ တက်ရောက်လာခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA (GBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

“မိုးလင်းကတည်းက စစ်ခွေးတွေ လက်နက်ကြီးတွေပစ်ပြီး တက်ချလာကြတာ ၁၂ ရက်နေ့က တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းပဲ စစ်ခွေး ၆၀ လောက်နဲ့ ဆည်ဘောင်ကနေ ချောင်းစောက်ဘက်ကို တက်လာတာ အဲ့ဒါကို မိုင်းစောင့်ဆွဲပြီး အပြန်အလှန် ပစ်ခတ်ကြတာ စစ်ခွေး ၇ ကောင်သေတယ်။ ၃ ကောင်ဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က ၁ ဦးကျတယ်။ ၁ နာရီ လောက်ကြတော့ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေထုပြီး အတင်းတက်ချလာတာကို ကျွန်တော်တို့ဘက်က ခဲယမ်း မလုံလောက်တာကြောင့် ဆုတ်ပေးလိုက်ရတယ်။ ညနေ ၅ နာရီလောက်မှာ စခန်းစောင့် ရဲဘော် လောက်ပဲကျန်ခဲ့တဲ့ YOMA-GBK-PDF ကာကင်းစခန်းကို စစ်ခွေးတွေ ဝင်သိမ်းတာ အင်အားမမျှလို့ လက်လွတ်ပေးလိုက်ရတယ်။ သိန်း ၃၀ ဖိုးလောက် ဆုံးရှုံးသွားတာပေါ့” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် PDF စခန်းအနီးရှိ စစ်ရှောင်တဲ ၃၀ ကျော်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများသည် တောတောင်များအတွင်း အမိုးအကာမရှိဘဲ သစ်ပင်များ အောက်တွင် ခိုကပ်နေရပြီး အများစုသည် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝိုင်းရွာ၌ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ – ၁ YOMA (QBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နှင့်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား (အုတ်ဖို)တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article