29 C
Yangon

ရေဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆန်စက်အလုပ်သမား ကိုဝင်းသော်မိုး သေဆုံး

Must read

ရန်ကုန်၊ ဇွန်၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆန်စက်အလုပ်သမားကိုဝင်းသော်မိုး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ ည ၉ နာရီအချိန် ရေဦးမြို့၊ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ရာ အဆိုပါ လက်နက်ကြီးကျည်သည် ဖိန်းကားရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် ဆန်စက်အလုပ်သမား သေဆုံးသွားကြောင်း သိရှိရသည်။

“ဆန်စက်မှာ ညပိုင်း အလုပ်လုပ် နေရင်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်က ဆန်စက် ပေါ် ကျပေါက် ကွဲပြီး ဆန်စက်အလုပ်သမားက နေရာတင် သေဆုံးသွားတယ်။ ဆန်စက်အလုပ်သမားက ကိုဝင်းသော်မိုးပါ။နောက် ပြီး သူရဲ့သမီးလည်း ဒဏ်ရာပြင်းထန်ရသွားတယ်။ဆေးကုသမှုတော့ ပေးထားတယ်။ အမည်က သိမ့်နန္ဒဦး အသက်၁၉ နှစ်ဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဦးတည် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article