27 C
Yangon

ကျွန်းလှနှင့် မတ္တရာမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အင်တိုင်းရွာတွင် တစ်ညအိပ် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင်ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက အင်တိုင်းရွာထဲမှာ တစ်ညအိပ် တပ်စွဲပြီး ရွာအနောက်ဘက်ကို ထွက်သွားပြီး ပြန်ဝင်လာတာ အခု စစ်ခွေးတွေ ရွာထဲက နေအိမ်တွေကို မီးရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ဖမ်းဆီး ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ပြည်သာအေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ္တရာမြို့နယ် ဝန်တင်ကုန်းရွာမှ ပြည်သာအေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ်များက မီးရှို့ဖျက်ဆီးနေခြင်းကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article