26 C
Yangon

စစ်တပ် လက်အောက်ခံ မြန်မာ့ပုလဲ လုပ်ငန်းနှင့် ဂျပန် ကုမ္ပဏီ Tasaki တို့ ပူးပေါင်း လုပ်ကိုင်နေမှုများကို JMF ဖော်ထုတ်

Must read

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက် စစ်တပ် လက်အောင်ခံ မြန်မာ့ပုလဲ လုပ်ငန်းနှင့် ဂျပန် ကုမ္ပဏီ Tasaki တို့ ပူးပေါင်း လုပ်ကိုင်နေမှုများကို Justic For Myanmar က ဖော်ထုတ်ထားသည်။

အမေရိကန်၊ ယူကေနှင့် ကနေဒါ နိုင်ငံတို့မှ ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားသော အကြမ်းဖက် မြန်မာ စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ပုလဲ လုပ်ငန်း (MPE) နှင့် ဂျပန်နိုင်ငံတွင် တည်ထောင်ထားသည့် TASAKI ကုမ္ပဏီက လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်ကာ ဝင်ငွေ အရင်းအမြစ်များ ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။

အကြမ်းဖက် မြန်မာ စစ်အုပ်စုသည် ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅ ရာခိုင်နှုန်းသော ထုတ်လုပ်မှု ဝေစုခွဲဝေရေး သဘောတူညီချက်အပါအဝင် ပုလဲလုပ်ငန်းမှ ရရှိသော ဝင်ငွေ အမြောက်အများကို အကြမ်းဖက် စစ်ကောင်စီ က MPE မှ တစ်ဆင့် အကျိုးခံစားခွင့်ရှိနေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ထပ်ဆင့်ထုတ်လုပ်မှု ကို ပံ့ပိုးပေးနိုင်သည့် နည်းပညာလွှဲပြောင်းမှုတို့မှလည်း အကျိုးခံစားခွင့် ရရှိနေပြီး TASAKI သည် စစ်ကောင်စီ၏ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်လာခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆက်လက် ကျူးလွန်ရန် လိုအပ်သည့် လက်နက်များနှင့် လေယာဉ်လောင်စာဆီများ ၀ယ်ယူရေးအတွက် အသုံးပြုနိုင်သည့် ဝင်ငွေရင်းမြစ်ကို စစ်အုပ်စုအား ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း Justic For Myanmar က ထောက်ပြပြောဆိုထားသည်။

TASAKI နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီသည် စစ်အုပ်စု ထိန်းချုပ်ထားသော MPE နှင့် ဆက် နွယ်သည့် လုပ်ငန်းများအားလုံးကို တာဝန်သိစွာ အဆုံးသတ်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးကို လေးစား လိုက်နာရန် တာဝန်ရှိသည်ကို နားလည်ရမည်ဖြစ်ကြောင်း ထို့အပြင် TASAKI သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှစတင်၍ MPE နှင့် အခြားသော စစ်အုပ်စုထိန်းချုပ်ထားသည့် အဖွဲ့ အစည်းများနှင့် ၎င်း၏ အရောင်းအ၀ယ်ဆောင်ရွက်မှုများကိုလည်း လူသိရှင်ကြား ထုတ်ဖော်သင့်ကြောင်း Justic For Myanmar က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article