25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုကို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကမ်ပိန်းတွေမှာ တတ်နိုင်တဲ့ ဘက်က ပါဝင် ကူညီပေးနေမှုဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလိုချင်ဆုံးသော မွေးနေ့ လက်ဆောင် ဖြစ်လိမ့်မည်လို့ သားဖြစ်သူ ကင်အဲရစ်လို့ခေါ်တဲ့ ကိုထိန်လင်းက ပြောလိုက်ပါတယ်။
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့အထိမ်း အမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ အကြမ်းဖက် စစ်တပ်ရဲ့ တင်းကြပ်မှုတွေကြားကပဲ ပန်းသပိတ်မှာ ပါဝင်ဆင်နွဲနေကြပြီး ၊ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ကနေ “SUU” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ညီနောက်မဟာမိတပ်တွေအကြား စစ်ရေးတင်းမာလာပြီး ရခိုင်မှာလည်း အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ တရုတ်ကိုယ်စားလှယ် ဟာ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article