26 C
Yangon

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများရှိ

Must read

ရန်ကုန်၊ ဇွန် ၂၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း Operation Flameမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီအချိန် မှော်ဘီမြိုနယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်တပ်ဘက်မှ ထိခိုက်မှုတချိုရှိခဲ့ပြီး အသေးစိတ်အခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ဖောက်ခွဲမှုအပြီး ရန်သူထိခိုက်မှုရှိပါတယ်။ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေဆဲပါဗျ။ ဖောက်ခွဲမှုအပြီး မှော်ဘီတိုးဂိတ်အကျော် ရန်ကုန်အဝင်ဘက်အခြမ်းမှာ စစ်ခွေးတွေက ကားတွေတားစစ်ခဲ့တယ်လို့လည်း မြေပြင်သတင်းပေးတွေအရ သိရှိပါတယ်” ဟု Operation Flameမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့သော စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ကြောင်း၊ ယခုစစ်ဆင်ရေးအား Operation Flame (OF)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီးလည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“မနေ့ည ၇ နာရီမှာ မှော်ဘီဘက်မှာ ပေါက်ကွဲသံ အကျယ်ကြီးကြားရတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်နားက ပေါက်ကွဲတာလဲတော့ မသိပါဘူး” ဟု မှော်ဘီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article