26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဟိုင်ဂင်သဘောတူညီချက် ကျိုးပေါက်သွာပြီး နောင်ချို၊ မိုးကုတ် နဲ့ ကျောက်မဲမြို့နယ်တွေမှာ TNLA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား ဒီကနေ့မနက်ပိုင်းက စပြီးတော့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြပြီလို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ TNLA တပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား ဒီကနေ့မနက်ပိုင်းစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလာတဲ့အချိန်မှာပဲ ကျောက်မဲမြို့မှာရှိတဲ့ စစ်ကောင်စီ ရဲ့ ရဲစခန်း၊ တရားရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေအားလုံး ပိတ်ထားပြီး Non-CDM ဝန်ထမ်းတွေ ထွက်ပြေးနေကြပြီဖြစ်သလို ၊ မြို့လည်း တိတ်ဆိတ်ခြောက်ကပ်သွားပြီလို့ ဒေသခံပြည်သူ တွေနဲ့ ဝန်ထမ်းသတင်းရင်းမြစ်က ပြောထားပါတယ်။
  • နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် အကြမ်းဖက် မင်းအောင်လှိုင်က လူစားလွှတ်ပြီး တောင်းပန်မှုကို စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြား နဲ့ ရေဒီယိုတွေမှာ လုံး၀ ဖော်ပြခြင်းမပြုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article