26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ နဲ့ နောင်ချိုမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းကစပြီး အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ TNLA တပ်အကြား တိုက်ပွဲတွေဖြစ်ပွားမှုဟာ ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ အဆက်ဖြစ်တယ်လို့ TNLA က တရားဝင်ကြေညာလိုက်ပါပြီ။
  • ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့ပေါ်အထိ ဒီကနေ့မှာပဲ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ မိုးဇလ ရုံးကိုပါ TNLA တပ်တွေက တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက ဒီကနေ့မနက်ပိုင်းမှာပဲ တစ်ပြိုင်နက်တည်းဝင် ရောက်တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article