30 C
Yangon

တရုတ်နိုင်ငံထုတ် စစ်သုံး Sinotruk စစ်သုံးမော်တော်ယာဥ်များကို မြန်မာစစ်လက်နက်ပွဲစား MCM ၏ ကြားခံကုမွဏီသစ်တစ်ခုမှတဆင့် တင်သွင်းမှုများရှိနေ

Must read

ရန်ကုန်၊ ဇွန် ၂၆

နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီဖြစ်သည့် Myanmar Chemical and Machinery (MCM) သည် ၄င်း၏ ကြားခံကုမ္ပဏီတစ်ခုဖြစ်သည့် Golden Mega Power Co., Ltd.မှတဆင့် တရုတ်နိုင်ငံထုတ် Sinotruk စစ်သုံးမော်တော်ယာဥ်များကို နှစ်ကြိမ်တိုင် တင်သွင်းခဲ့ကြောင်း ဧပြီ ၂၀၂၃ ကုန်သွယ်မှုဒေတာများအရ သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ထောင်ခဲ့သည့် Golden Mega Power ကုမ္ပဏီကို ဆန်းအောင်ဆိုသူက ထိန်းချုပ်ထားပြီး ၎င်းသည် Myanmar Amethyst Trading Co., Ltd ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများကို အခြေခံ၍ Justice for Myanmar အဖွဲ့က ထုတ်ပြန်သည်။ Myanmar Amethyst Trading Co., Ltd ၏ မိခင်ကုမ္ပဏီမှာ စစ်လက်နက်ပွဲစားကုမ္ပဏီ Myanmar Chemical and Machinery (MCM) ဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။

MCM ကုမ္ပဏီကို ကနေဒါ၊ အမေရိကန်နှင့် ယူကေတို့က ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီး MCM ဥက္ကဋ္ဌ အောင်လှိုင်ဦးကို EU က ဒဏ်ခတ်အရေးယူထားသည်။ ယူကေနိုင်ငံက Sinotruk ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည့် MCM ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့မှုတွင် အကြောင်းရင်းအဖြစ် MCM ကို “စစ်အုပ်စု၏ စစ်လက်နက်နှင့် စီးပွားဖြစ်ပံ့ပိုးနေသည့် အဓိကရင်းမြစ်တစ်ခု” အဖြစ် ဖော်ပြခဲ့သည်။

Sinotruk သည် MCM ထံသို့ ရောင်းချမှုအားလုံး ရပ်ဆိုင်းလိုက်ကြောင်း Sinotruk အစုရှယ်ယာရှင် TRATON GROUP က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သော်လည်း၊ ယခု Golden Mega Power မှတဆင့် Sino Truk စစ်သုံးယာဥ်များ တင်ပို့ရောင်းချမှုက မြန်မာစစ်အုပ်စုအနေဖြင့် MCM ၏ကြားခံကုမ္ပဏီမှတစ်ဆင့် Sinotruk ယာဥ်များကို ဆက်လက်တင်သွင်း အသုံးပြုနေကြောင်းကို ညွှန်ပြနေသည်။

ထို့ကြောင့် မြန်မာစစ်အုပ်စုထံ လက်နက်နှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ ထောက်ပံ့နေသည့် Golden Mega Power နှင့် Myanmar Amethyst အပါအဝင် MCM ကွန်ရက်တစ်ခုလုံးကို ဒဏ်ခတ်အရေးယူမှုများ အရေးတကြီးချမှတ်ရန် လိုအပ်ကြောင်း Justice for Myanmar အဖွဲ့က ထောက်ပြဝေဖန်ထားသည်။

ပုံစာ – ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် Sinotruk စစ်သုံးမော်တော်ယာဉ် ၂ စီး

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် Sinotruk စစ်သုံးမော်တော်ယာဉ် ၂ စီး
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article