27 C
Yangon

ကျောက်မဲမြို့ တိုက်ပွဲအတွင်း လမ်းမပေါ်တွင် သေဆုံးနေသော ပြည်သူများ၏ ရုပ်အလောင်း ၂၃ လောင်းကို ပရဟိတအဖွဲ့က ကောက်ယူ သင်္ဂြိုလ်

Must read

ရန်ကုန်၊ ဇွန် ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး လမ်းမပေါ်တွင် သေဆုံးနေ သော ပြည်သူ အလောင်း ၂၃ လောင်းကို ကောက်ယူကာသင်္ဂြိုလ်ပေးခဲ့ရကြောင်း နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း – ကျောက်မဲ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့တွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း ကျည်ဆံထိမှန်ကာ လမ်းမများပေါ် တွင် သေဆုံးနေသူ ရုပ်အလောင်း ၂၃ ကို နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း – ကျောက်မဲ အဖွဲ့သားများက ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ ဆောင်ကာ သင်္ဂြိုလ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ တစ်ရက်ထဲပဲ အလောင်း ၂၃ လောင်းလုံးသင်္ဂြိုလ်ပေးခဲ့တာ၊ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ လေကြောင်းကနေ တိုက်ခိုက်လို့ သေတာမဟုတ်ဘူး။ နှစ်ဖက်ပစ်ခတ်မှုတွေအကြားမှာ ကျည်ဆံ ထိမှန်သေတာတွေပါ၊ လမ်းမတွေပေါ်မှာ တွေ့တဲ့အလောင်းကို ကောက်ယူပြီး တစ်ခါတည်း သင်္ဂြိုလ် ပေးခဲ့လိုက်တာ။ ဘယ်သူတွေလည်း ဘယ်ဝါတွေလည်းဆိုတာ မသိရဘူး။” ဟု နမ့်ခုံးရှမ်းများ ပရဟိ တ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း – ကျောက်မဲ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့ တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ အကြမ်း ဖက် စစ်တပ် ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို ယနေ့ တိုက်ခိုက်နေပြီး ယင်းစခန်းများကို ရရှိပါက ကျောက်မဲမြို့နယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article