29 C
Yangon

ဖားကန့် ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး နာမည်စာရင်းများ ရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချရာ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဆိုင်းတောင်ရဲစခန်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အစည်းအဝေး ပြုလုပ်နေစဥ် KIA က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဖားကန့် ရဲတပ်ရင်းမှူး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ဆိုင်းတောင်ရဲစခန်းမှာ သူတို့ အစည်းအဝေးလုပ်နေတုန်း KIA က drone နဲ့ ဗုံးလာကျဲတဲ့ထဲမှာ သေတာ ရဲ ၁၀ ကောင်သေတယ်။ ၆ ကောင် ဒဏ်ရာပြင်းထန်တယ်။ ” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားကြသူများမှာ –

၁- ဒုရဲမှူးကြီး အောင်သူရ
၂- ဒုရဲမှူး ခိုင်စိုးဟန်
၃- ရဲအုပ် ထွန်းခိုင်စိုး
၄-ရဲတပ်ကြပ်ကြီး သိန်းစိုး
၅-ဒုတပ်ကြပ် ဇော်မိုး
၆-တသ ဟိန်းမင်းထက်
၇-တသဖြိုးထက်အောင်
၈-တသဇော်၀င်းကျော်
၉-တသထွန်းထွန်းလင်း
၁၀-တပ်ကြပ်ကြီး ၀င်းမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဖားကန့် ဆိုင်းတောင် တိုက်ပွဲအတွင်း သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article