26 C
Yangon

ရှမ်းမြောက်တွင် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်ဟု စစ်ကောင်စီက တရုတ်ထံသို့ အသိပေးတိုင်ကြားပြီး ဟန့်တားပေးရန် တောင်းဆို

Must read

မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ပေးရန် သမ္မတဟောင်း သိန်းစိန်ထံမှတစ်ဆင့် တရုတ်ခေါင်း ဆောင်များထံသို့ စစ်ကောင်စီက သတင်းစကားပါး

ရန်ကုန်၊ ဇွန် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တအာင်း TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်နေသဖြင့် အဆိုပါ ထိုးစစ်ကို ဟန့်တားပေးရန် စစ်ကောင်စီက တရုတ်ထံသို့ အသိပေး တိုင်ကြားတောင်းဆိုလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက TNLAတပ်စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြင့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခြင်းတို့ ကြောင့် ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး TNLA က စစ်ကောင်စီတပ်စခန်းများကို စတင် တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်သူမှာ TNLA ဖြစ်သည်ဟု တရုတ်ထံသို့ တိုင်ကြားကြောင်း ၊ ထို့ပြင် TNLA ၏ ထိုးစစ်ကိုလည်း ဟန့်တားပေးရန် တောင်းဆိုကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်း အနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည့် သမ္မတဟောင်း သိန်းစိန်နှင့်လည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြားဝင် ညှိနှိုင်းပေးရန် တရုတ်ခေါင်းဆောင်များထံသို့ အကြမ်းဖက် မင်းအောင်လှိုင်က သတင်း စကားပါးထားကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် မိုးမိတ်မြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၅ ခုတို့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – TNLA က ထိန်းချုပ်လိုက်သော နောင်ချိုမြို့ပေါ်ရှိ KBZ ဘဏ်ခွဲ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

TNLA က ထိန်းချုပ်လိုက်သော နောင်ချိုမြို့ပေါ်ရှိ KBZ ဘဏ်ခွဲ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article