25 C
Yangon

နောင်ချိုရှိ စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းကို TNLA က သိမ်းပိုက်ရရှိပြီး ၆၀၆ တပ်ရင်း တစ်ခုကျန်ရှိနေသေးဟုဆို

Must read

ရန်ကုန်၊ ဇွန် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းဖြစ်သော ခမရ ၁၁၄ ကို TNLA က သိမ်းပိုက်ရရှိထားကြောင်း TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“နောင်ချိုမြို့နယ်မှာရှိတဲ့ ခမရ ၁၁၄ ကို ကျမတို့ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီကင်းစင် နယ်မြေတော့ မဖြစ်သေးပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ၆၀၆ တပ်ရင်းကတော့ ရှိနေသေးတယ်” ဟု TNLA ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့တွင် TNLA က စတင် ထိုးစစ်ဆင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ တပ်ရင်း ၊ နောင်ချိုမြို့နယ် ရဲစခန်း၊ ကံ့ ကော် တပ်စခန်း၊ ခဲမွန်စစ်တပ်စခန်း၊ ကျောက်ကြမ်းတပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူ တာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့် စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် တပ်မတော်(ကြည်း) အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ ခမရ ၁၁၄ စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလတွင် TNLA က နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့ အပါအဝင် မြို့နယ် ၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအစတွင် နောင်ချိုမြို့နယ်တစ်ခုလုံးကို သိမ်း ပိုက်ရရှိရန် နီးစပ်လာနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article