26.9 C
Yangon

ထောင်ကျ စစ်ဗိုလ်ချုပ်များဖြစ်သည့် စိုးထွဋ် ၊ မိုးမြင့်ထွန်း၊ ကိုကိုမောင် နှင့်မြတ်သက်ဦးတို့ကို ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်း

Must read

ထောင်ကျ စစ်ဗိုလ်ချုပ်များဖြစ်သည့် စိုးထွဋ် ၊ မိုးမြင့်ထွန်း၊ ကိုကိုမောင် နှင့်မြတ်သက်ဦးတို့ကို ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်း

ရန်ကုန်၊ ဇွန် ၂၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထောင်ကျ စစ် ဗိုလ်ချုပ်များဖြစ်သည့် စိုးထွဋ် ၊ မိုးမြင့်ထွန်း၊ ကိုကိုမောင် နှင့်မြတ်သက်ဦးတို့ကို ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များကို မင်းအောင်လှိုင်က ပြန်ရုပ် သိမ်းလိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၄ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးပြစ်ဒဏ်ချ မှတ်ထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ဂုဏ် ထူးဆောင်ဘွဲ့များ၊ ဂုဏ် ထူး ဆောင်တံဆိပ်များ ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရာထူးလုပ်ပိုင်ခွင့် မလျော်ဩဇာသုံးမှု၊ အဂတိ လိုက်စားမှုတို့ဖြင့် စစ်တရားရုံးက ထောင် ၅ နှစ် ချမှတ်ထားသော ပြည် ထဲရေး ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ထံသို့ ချီးမြှင့်ထားသော စည်သူဘွဲ့၊ သီရိပျံချီဘွဲ့ ကို ပြန်ရုပ်သိမ်းကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု၊စစ်စည်း ကမ်းဖောက်ဖျက်မှု၊ တံစိုး လက် ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေတရား မဝင်လက်ဝယ်ထားမှု အပါ အဝင် တခြားစွဲချက်များဖြင့် ထောင်ဒဏ် တစ် သက် တစ်ကျွန်းချမှတ်ခံထားရသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းကို ချီးမြှင့်ထားသော စည်သူဘွဲ့နှင့် ဇေယျာကျော်ထင်ဘွဲ့ကို ပြန်လည်ရုပ်သိမ်းကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသော မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဟောင်းမြတ်သက်ဦးကို ချီးမြှင့်ထားသော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ပြန်လည် ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသော က ချင် ပြည် နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ကို ချီးမြှင့်ထားသော ဇေယျာကျော်ထင်ဘွဲ့ ကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article